ငါ့စိတ်ကူးတွေက လမ်းဆွတ်ကြယ်များ
ငါ့လက်ထဲမှာတော့ သစ်ရွက်ကြွေအနမ်းများ
အိန်ဂျယ်တွေလိုမျိုး ပျံနိုင်မယ်ဆိုရင်
ကမ္ဘာမြေကို ခုထက်လေ လှပသွားအောင် ဖန်ဆင်းလိုက်ချင်
ရူးမိနေပြီ
ငါ့စိတ်ရဲ့လှိုင်းများ သက်တံ့တွေထိသွား
လက်တွေ့လမ်းပေါ်မှာ အကြိမ်ကြိမ်ခလုတ်တိုက်လဲပြိုရင်း
လှောင်ရယ်သံတွေကြား ပျံနိုင်အောင်လှုပ်ရှား
ငါဟာ အရူးတစ်ယောက်သာ ထင်မှတ်ကြပစေ
အိန်ဂျယ်တွေလိုမျိုး ပျံနိုင်မယ်ဆိုရင်
ကမ္ဘာကို အခုထက်လေ ပိုလှပအောင် ဖန်ဆင်းလိုက်ချင်
ရူးမိနေပြီ
လူဟာ လူလိုနေတာ အကောင်းဆုံးလား ...
Apr 24, 2007
Labels: ThaO
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment