အရာရာမင်းရဲ့သဘောပါ သွားချင်ရင်သွားတားခွင့်မရှိသူပါ
ကိုယ်သိပ်မြတ်နိုးခဲ့တဲ့ မင်းရဲ့မျက်နှာ
နောက်ဆုံးကြည့်ခွင့်လေးတော့ ရချင်မိတယ်
တကယ်ဆို အချစ်မှာ အချစ်သာ ရှိတာ ရင်ကွဲပြီးမှ နားလည်သွား
ဘာမှတို့အတွက် နောက်ထပ်မတောင်းဆိုတော့ပါဘူးကွာ
အဆင်မပြေမှုတွေ တစ်နေ့ကျတွေ့တဲ့အခါ
ရင်ခွင်ဟောင်းဆီသာ လှမ်းလာခဲ့ပါ အမြဲ အဆင်အသင့်ပါ
နာကျင်မှုတွေ တို့အတွက်ထားခဲ့ပါ
ပြန်သွားချင်တဲ့အခါ ထွက်သွားလိုက်ပါကွာ
ယူဆောင်သွားပါ နှလုံးအိမ်ထဲမှာ အချစ်များ မင်းအတွက်ပေါ့ ထာဝရ
တကယ်တမ်းလက်တွေ့ ဘ၀က ပေါင်းစပ်ဖို့ရာ မလွယ်မှန်းသိခဲ့ရတော့
ကိုယ့်ရဲ့ဘ၀ကံကြမ္မာအတိုင်းပါ

1 comments:

great said...

nlin7981@gmail.com