ကြယ်ရောင်ပြိုးပြက် လက်တဲ့ညများ
ကြင်နာခြင်းအကြောင်းသီချင်းများဖွဲ့ဆို
ကိုယ်လေ အင်းလျားလမ်းမပေါ်မှာ
တစ်တစ်ညတော့ မင်းအတွက်ကြွေမယ်
နွေဦးရဲ့သစ်ရွက်များလို မင်းအခန်းထဲထိ ပျံ့လွင့်တေးသံချို

ပုံပြင်ထဲက နတ်မိမယ်အလား
မှောင်ရီဝိုးတ၀ါး ညရဲ့အမှောင်မှာ
မျှော်လင့်ခြင်းနဲ့ စောင့်လို့နေမယ်
သီကျူးဆဲတေးသွားလေးလို
နှလုံးသားထဲက တသိမ့်သိမ့်ရှိုက်ကာငို

အင်းလျားဆောင်သူလေးရေ
အင်းလျားဆောင်သူလေးရေ
အင်းလျားဆောင်သူလေးရေ ... သိပ်ချစ်မိတဲ့အကြောင်း မင်း သိပါစေ

0 comments: