နေ၀င်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်
ရင်မှာနာကြင်စွာ ဆွေးတယ်
အဆောင်မှာ မှောင်ရီဝိုးတ၀ါးနဲ့
နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်
နှလုံးသားက အစွဲအလမ်းများလည်း မီးလိုလောင်ကျွမ်းဆဲ
လွမ်းမိတယ်
ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ်
ရင်ကိုခုန်စေတဲ့ သီချင်းရယ်
အမှောင်မှာ သာယာနားစွင့်ခဲ့
သူဟာ ခင်တွယ်နေမှာပါပဲကွယ်
အရင်းနှီးဆုံး နှလုံးသားများနဲ့ နားလည်နေခဲ့လဲ
အခုတော့ကွယ် ...
ဂျက်ဆင်ထိပ်က လရိပ်လေးသာတယ် ... လွမ်းမိတယ်
အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ ... လွမ်းမိတယ်
သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ ... လွမ်းမိတယ်
အမှောင်ရိပ်ထဲမှာ တိတ်တဆိတ် မျက်ရည်ဝဲ
Jun 6, 2007
Labels: HtooEainThin
Subscribe to:
Post Comments (Atom)
1 comments:
နားထောင်ပြီး ငို ချင်တယ်။
ဒီဘလောကို နေ့ တိုင်းလာနားထောင်မယ်။
ဒီသီချင်းကို အရမ်းကြီုက်တာ..
ပြီးရင် လွမ်းတော့တယ်။
~^&^~
Post a Comment