ဒီလိုမြို့ပြဘ၀ကအဆင့်မြင့်ပါတယ်
နေထိုင်စားသောက်ဖို့အတွက် အားလုံးအဆင်သင့်
ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ အသွေးအသားကတောင်းဆို
တောင်ပေါ်အမေ့ရဲ့ ထမင်းနဲ့ဟင်းကို ကျွန်တော်တမ်းတ

ဆောင်းနှင်းများကြားပွင့်တဲ့ ချယ်ရီ
တောင်ပေါ် ထင်းရှူးရနံ့လေးရှူရှိုက်ချင်တယ်
မြေနီလမ်းများက ပြောင်းလဲသွားမလား
တောင်ပေါ်လမ်းအတိုင်းရောက်ပြန်မယ်
တောတန်းများရဲ့ အရိပ်တွေမျှော်ကြည့်ရင်း မျှော်ကြည့်ရင်း

ဟိုအဝေးက မိုးသားတိမ်တိုက်များရဲ့အောက်
ဘယ်ခါမပြောင်းလဲသွားတဲ့ တို့ရဲ့နေရာ
နွေမိုးဆောင်း အပြောင်းလဲ တောင်တန်းများရဲ့ကြား
တသွင်သွင်စီးဆင်းသွားတဲ့ စမ်းချောင်းများ

ဘယ်တော့မှမမေ့ဘူး ဘာနဲ့မှမလဲဘူး
သာယာအေးချမ်းလွန်းတဲ့ ကျေးလက်တောင်တန်း
ဘယ်တော့အရောက်ပြန်မယ် ဘယ်တော့နီးရမလဲ
အကြိမ်ကြိမ်လွမ်းမောရင်းနဲ့ မေ့မရဘူး

1 comments:

perfect said...

making me missed home!
Nice song....